နေ့ကောင်းရက်သာ ရွေးစရာ
ထူးအောင်လှိုင်
သိမ် ကျောင်း ဇရပ် စေတီ ပုထိုး အုတ်ရိုး ရေတွင်း
ရေကန် တံခွန် တံတား လုပ်ငန်းဆောင်တာ ခရီးသွားနှင့်
အရေးကြီးကိစ္စများအတွက် မည်သည့် မြန်မာလမဆို
၁ ၆ ၁၁ရက်ဖြစ်လျှင် တနင်္ဂနွေနဲ့ သောကြာနေ့ဖြစ်လျှင်
နန္နာတိထီဖြစ်၍ ဆိုခဲ့သည့် ကိစ္စရပ်များအား လုပ်ဆောင်သင့်ပေသည်။
အလုပ်လျှောက်ခြင်း မိတ်ဆွေဖွဲ့ခြင်း ကာယသိဒ္ဓိအဆောင်ပြုလုပ်ခြင်း
နာမည်ပေးခြင်း အရောင်းအ၀ယ်ပြုလုပ်ခြင်း လုပ်ငန်းသစ်စတင်ခြင်း ကိစ္စရပ်များအတွက် မည်သည့်မြန်မာလမဆို
၂ ၇ ၁၂ရက်ဖြစ်ပြီး တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးနေ့ဖြစ်နေလျှင်
ဘဒြာတိထိဖြစ်၍ ဆိုခဲ့သည့် ကိစ္စရပ်များအား လုပ်ဆောင်သင့်ပေသည်။
မြို့ရွာ နန်းတည် ကျုံး မြောင်း တံတားဆောက် တိုက်ဆောက်
သံတမန်စေ တိုင်းတပါးနဲ့စာချုပ်ချုပ်
ယတြာပြုလုပ် ဘုရားထီးတင် ယာယီခရီးသွားကိစ္စများအတွက် မည်သည့်မြန်မာလမဆို ၃ ၈ ၁၃ရက်ဖြစ်ပြီး အင်္ဂါနေ့ဖြစ်လျှင်
ဇေယျာတိထီဖြစ်၍ ဆိုခဲ့သည့်ကိစ္စရပ်များအား
လုပ်ဆောင်သင့်ပေသည်။
မည်သည့်မြန်မာလမဆို ၄ ၉ ၁၄ရက်ဖြစ်ပြီး စနေနေ့ဖြစ်လျှင်
ရိတ္တာတိထီဖြစ်၍ မည်သည့်ကိစ္စရပ်မျှ မလုပ်ဘဲ အလုံးစုံပျက်စီးတတ်၍ ရှောင်ကြည်သင့်ပေသည်။
ပညာသင်ခြင်း မန္တာန်ရွတ်ခြင်း မော်ကွန်းတင်ခြင်း
ကမ္ဗည်းကျောက်စာထိုးခြင်း လယ်ယာစိုက်ပျိုးခြင်း
ပွဲလမ်းသဘင်ဆင်ယင်ခြင်း ယာဥ်ရထားစီးခြင်းပစ္စည်းတင်သွင်းခြင်း
လက်ထပ်ပွဲကျင်းပခြင်း
ရတနာ၀ယ်ခြင်း ကလေးများအတွက် အ၀တ်နှင့် အသုံးအဆောင်ပစ္စည်း
စသောကိစ္စရပ်များအတွက်
မည်သည့်မြန်မာလမဆို ၅ ၁၀ ၁၅ရက်ပြီး ကြာသပတေးနေ့ဖြစ်ခဲ့လျှင်
ပုဏ္ဏတိထီဖြစ်၍ စသောကိစ္စရပ်များအား လုပ်ဆောင်သင့်ပေသည်။
ရွှေတိဂုံစေတီတော်(တောင်ဘက်မုခ်)
youtube: how to watch youtube? - Videodl.cc
ReplyDeleteyoutube: how to watch youtube? · youtube to mp4 1. Log In. · 2. Watch Sports · 3. Make a Budget · 4. Follow · 5. Make a Budget · 6. Watch Live · 7. Show Your