Translate

Thursday, June 26, 2014

နိုင် ငံခြားမှာ အလုပ် ရရန်

အိမ်သူအိမ်သား တစ်ယောက်ယောက် ရဲ့
ခြေ ထောက်မှာ အနာလေးတစ်ခုရှိနေ လိမ့်မယ်
သတင်းစာစက္ကူကို လက်မလက်သည်းခွံလောက်
တြိဂံပုံစံလေးဖြစ်အောင် ညှပ်လိုက်ပါ။အဲဒီ
စက္ကူကို တံတွေးလေးအနည်းငယ်စွတ်ပြီး
အနာပေါ်မှာ ကပ် ရင်း ဆုတောင်းလိုက်ပါ
မယုံမရှိနဲ့ဗျ။အလုပ် ရသွားလိမ့်မယ်။

နိုင် ငံခြားက ငွေမပို့ရင်
ဘတ်စ်ကားတို့ လိုင်းကားတို့ တက်စီးလိုက်ပါ
ငွေစက္ကူအတန် ခပ်ကြီးကြီးပေးလိုက်ပါ
ကားစပယ်ယာ ပြန်အမ်းတဲ့ ပိုက်ဆံထဲက
အကြီးဆုံးပိုက်ဆံနဲ့ နိုင် ငံခြားမှာ အလုပ်သွား
လုပ်နေသူရဲ့ ဓာတ်ပုံကို ညပိုင်းတွေမှာ ရိုက်ပြီး
ငွေလှမ်းပို့ဖို့ ဆုတောင်းပါ။

No comments:

Post a Comment