Translate

Sunday, June 29, 2014

အကူအညီတောင်းရန်

ငွေ၊အလုပ်၊လူမှု့ရေးကိစ္စ တစ်စုံတရာအကူအညီ တောင်းချင် ရင်
နေမွန်းတည့်ချိန်မှာ သစ်ပင်ကြီးကြီတစ်ပင် ရဲ့
အောက်မှာ ရုက္ခစိုးကို အာရုံပြုပြီး မေတ္တာပို့ကာ
အရဟံကို(၁၀၈)ခေါက် ရွတ်ပြီး ဆုတောင်းပါ
၇ရက်တိတိပြုလုပ်ပါ။

အလုပ်အကိုင်ကောင်းရန်

တနင်္ဂနွေသားသမီးများ ငှက်ပျောသီး၁၀လုံးကို
အခွံနွှာပြီး ပန်းကန်ပြားတွင် ထည့်ပါ။
အ ပေါ်မှသကြားဖြူးပါ။တနင်္ဂနွေနေ့မနက်
၉:၄၅နာရီတွင် မိမိအိမ်ဘုရားစင် တွင် လှူပါ

တနင်္လာသားသမီးများ ပန်းကန်လုံး၉လုံးတွင်
ဆီးသီးအပြည့်ထည့်၍ တနင်္လာနေ့ ၉:၄၅နာရီတွင် အိမ်ဘုရားစင်၌ ကပ်လှူပါ


အင်္ဂါသားသမီးများ ပန်းကန်ပြားအတွင်း၌
လက်ဖက်အသားချည်း ငါးပုံပုံပြီး အင်္ဂါနေ့နံက်
၉:၄၅နာရီတွင် အိမ်ဘုရားစင် တွင် ကပ်လှူပါ

ဗုဒ္ဓဟူးသားသမီးများ ပန်းကန်ပြားသုံးချပ်၌
ပဲပြုတ်များထည့်ကာ ဗုဒ္ဓဟူးနေ့နံနက်၉:၄၅နာရီ
တွင် အိမ်ဘုရားစင် တွင် ကပ်လှူပါ

ကြာသပ တေးသားသမီးများ သရက်သီးခြောက်စိပ်ကို
ကြာသပ တေးနေ့နံနက်၉:၄၅နာရီတွင် အိမ်ဘုရား
စင် တွင် ကပ်လှူပါ

သောကြာသားသမီးများ ဖန်ခွက် ရှစ်ခွက်တွင်
နွားနို့အစိမ်းထည့်၍ သောကြာနေ့နံနက်၉:၄၅
နာရီတွင် အိမ်ဘုရားစင် တွင် ကပ်လှူပါ

စ နေသားသမီးများ အုန်းသီးကိုခြစ်၍ပန်းကန်ပြား
ရှစ် ပန်းကန်တွင် ထည့်၍ စ နေ နေ့နံနက်၉:၄၅
နာရီတွင် အိမ်ဘုရားစင် တွင် ကပ်လှူပါ

Saturday, June 28, 2014

အိမ်တွင်းရန်ပြေလည် ရန်

တနင်္ဂနွေသားသမီးများ ညောင် ပင် ကိုငွေရည်လောင်းပါ။ကြံကိုတောင်ဝှေးအဖြစ်
လှူဒါန်းပါ
တနင်္လာသားသမီးများ လမ်းခင်းပေးပါ၊လမ်းပြင်ပေးပါ။တန်ဆောင်း၌
တံမြက်စည်းလှည်း၍ သန့်ရှင်းရေးလုပ်ပါ
အင်္ဂါသားသမီးများ တောင်းရမ်းစားသောက်သူ
မျက်မမြင် တို့အားစားစရာ ဒါနပြုပါ
ဗုဒ္ဓဟူးသားသမီးများ စာက လေးများကို
အစာကျွေးပါ။ကြံပင် ကိုငွေရည်လောင်းပါ
ချိုင့်ဖြစ်နေ သောလမ်းများကို မြေဖို့မြေညှိပေးပါ
ကြာသပ တေးသားသမီးများ ဆွမ်းဆန်စိမ်းလောင်းလှူပါ။ကြက်၊ခွေး စသည်
သတ္တဝါများကို အစာကျွေးပါ။အိုးပျက်အိမ်ပျက်
အ ခြေအ နေပျက်ယွင်းသူများအား ဒါနပြုပါ
သောကြာသားသမီးများ ကျီးကိုအစာကျွေးပါ
ကြက်ကိုဘေးမဲ့လွှတ်ပါ။တံမြက်စည်းလှူပါ
တံတားပြင် ပါ။
စ နေသားသမီးများ ကုဋီကိုရေ ဆေးပါ
ရေဖြည့်ပါ။လမ်းစင်္ကြံတို့ ခင်းပေးပါ။

Friday, June 27, 2014

ကားအမြန်ရောင်းထွက် ရန်

သံပုရာသီးတစ်လုံးကို ပူသွားနွေးသွားအောင်
မီးကင် လိုက်ပါ။အဲဒီသံပုရာသီးပူပူကို
ဓားနဲ့ခွဲပြီး သံပုရာရည်ပူပူနဲ့ကားနံပါတ်ကို
တို့ပြီးကားရောင်းထွက်ဖို့ဆုတောင်းပါ။
အင်္ဂါနေ့ည နေ၊သောကြာည နေ၊စ နေည နေ
၃ရက်ဆက်တိုက်လုပ်ပါ။...,ိ

ငွေကံကောင်းရန်

လစာထုတ်လို့ပဲဖြစ်ဖြစ် ဘယ်ကပဲဖြစ်ဖြစ်
လာဘ်ဦးလာဘ်ဖျားပိုက်ဆံနဲ့ ဘုရားပန်းဖြစ်ဖြစ်
အ မွေးတိုင်ဖြစ်ဖြစ် စတိလောက်တော့
ဝယ် ရပါတယ်။မိဘဆရာသမားတွေကို
ပူဇော်ကန်တော့တဲ့ နေရာမှာသုံးပါ
ရုတ်တရက်မလုပ်နိုင် ရင် တောင် စတိဖြစ်ဖြစ်
ဖယ်ထားပြီးမှ တခြားကိစ္စတွေမှာသုံးပါ

ကားဆွဲကောင်းရန်

ကားဆွဲမ ကောင်းလျှင် သာသနာ့အလံနှင့်
ပစ်တိုင်းထောင် ရုပ်ကို ကားရဲ့ခေါင်းရှေ့ပိုင်းမှာ
ထောင် ထားဆွဲထားပါ။ကားရဲ့ ခေါင် မိုးပေါ်မှာ
အိုးစည်ကို ဆွဲထား၊ပြီးလျှင်
အ ကြွေစေ့တစ်စေ့ကို အ ပေါ်ကိုမြှောက်လိုက်
ပြန်ဖမ်းလိုက် လုပ်နေပါ။ကားငှားမယ့် လူတွေ
ရောက်လာပါလိမ့်မယ်

ငွေဝင် ရန်

မိမိရဲ့ အလုပ်စားပွဲပေါ်မှာ ငွေစက္ကူအတန်ကြီး
တစ် ရွက်တင် ထားပါ။ငွေစက္ကူပေါ်မှာ
သံလိုက်တုံးတစ်တုံးကို တင် ထား
သံလိုက်တုံးပေါ် နှင်းဆီပန်းတစ်ပွင့်တင်ပြီး
သံလိုက်တုံးကို ပွတ်တိုက် လှုပ်ရှားရင်း
ငွေတွေ ဝင် လာပါစေ ဆုတောင်းပါ
နံနက်စော စောတွင် ပြုလုပ်ပါ

ကြွေးကြေ စေတဲ့ ယတြာ

မွေးနေ့နံနက်၉:၄၅နာရီမှာ အိမ်ဘုရားစင် ရဲ့
မျက်နှာကြက်ကို ဇာအနီနဲ့ချုပ်ပြီး လှူဒါန်းပါ
နောက်တစ်ခုက ရပ်နေ တဲ့နာရီတွေ ရှိရင်
ပြင် ပါ။အိမ်ခေါင်းရင်းနဲ့အိမ်ရှေ့တွေမှာ ဆူးပင် ငှက်ပျောပင် နွယ်ပင်တွေရှိရင်
ခုတ်ပြီးရှင်းလိုက်ပါ

Thursday, June 26, 2014

နိုင် ငံခြားမှာ အလုပ် ရရန်

အိမ်သူအိမ်သား တစ်ယောက်ယောက် ရဲ့
ခြေ ထောက်မှာ အနာလေးတစ်ခုရှိနေ လိမ့်မယ်
သတင်းစာစက္ကူကို လက်မလက်သည်းခွံလောက်
တြိဂံပုံစံလေးဖြစ်အောင် ညှပ်လိုက်ပါ။အဲဒီ
စက္ကူကို တံတွေးလေးအနည်းငယ်စွတ်ပြီး
အနာပေါ်မှာ ကပ် ရင်း ဆုတောင်းလိုက်ပါ
မယုံမရှိနဲ့ဗျ။အလုပ် ရသွားလိမ့်မယ်။

နိုင် ငံခြားက ငွေမပို့ရင်
ဘတ်စ်ကားတို့ လိုင်းကားတို့ တက်စီးလိုက်ပါ
ငွေစက္ကူအတန် ခပ်ကြီးကြီးပေးလိုက်ပါ
ကားစပယ်ယာ ပြန်အမ်းတဲ့ ပိုက်ဆံထဲက
အကြီးဆုံးပိုက်ဆံနဲ့ နိုင် ငံခြားမှာ အလုပ်သွား
လုပ်နေသူရဲ့ ဓာတ်ပုံကို ညပိုင်းတွေမှာ ရိုက်ပြီး
ငွေလှမ်းပို့ဖို့ ဆုတောင်းပါ။

တက်တတ်တဲ့ က လေးအတွက် ယတြာ

လှော်တက်အဟောင်းက သစ်သားစတစ်စ
ယူပြီး အဲဒီသစ်သားစ လေးကိုလှော်တက်
ပေါက်စ လေးဖြစ်အောင် လုပ်ပါ။
တက်တတ်တဲ့ က လေးရဲ့ လည်ပင်းမှာ
ဆွဲပေးလိုက်ပါ။လည်ပင်းမှာ တက်က လေးတစ်ချောင်း ရှိနေ တော့ တက်တတ်တဲ့ဓာတ်
မလာတော့ဘူးပေါ့...
နောက်တစ်နည်းကတော့
က လေးဓာတ်ပုံရဲ့ နောက်ကျောမှာ
က လေးရဲ့ နာမည်နဲ့ မွေးသက္ကရာဇ်ကိုရေးပြီး
ဓာတ်ဗူးတစ်လုံးထဲမှာ ထည့်လိုက်ပါ။
ဘယ်တော့မှ က လေးမတက်တော့ပါဘူး

သားသမီးလိုချင် လို့လား

သားသမီးလိုချင် လို့မရဘူးဖြစ်နေတယ်
မခက်ပါဘူး။
မြစ်ဆိပ်ကိုသွားပါ။ကျောက်ခဲတစ်တုံးကောက်ပါ
ကျောက်ခဲတုံးကို မြှောက်ပြီး မြစ်စောင့်နတ်
ကိုတိုင် တည်ပါ။ယောင်္ကျားလေး လိုချင် ချင်
မိန်းကလေးလိုချင် ချင်၊ကိုယ်လိုချင် တာကို
တိုင် တည်ဆုတောင်းပြီး အဲဒီကျောက်ခဲကို
အပြာရောင် ပိတ်စတစ်တောင် လောက်ထဲမှာ
ထည့်ပြီး ကျောက်ခဲတုံးကိုပိတ်စနဲ့ လိပ်ပြီး
ကိုယ်ဝန်ဆောင် မယ့်သူရဲ့ ချက်တည့်တည့်
မှာ တင်ပြီး တွယ်ချိတ်နဲ့ ချိတ်ထားပါ
ညဆိုရင် ပတ်အိပ် နေ့ဆိုရင် ချွတ်ထား၊
၇ရက်တိတိ ပြုလုပ်ပါ။၇ရက်ပြည့်ရင်
ကျောက်ခဲကို မြစ်ဆိပ်ကို ပြန်ပို့ရမယ်
အပြာရောင် ပိတ်စကိုသိမ်းထားပါ
ဒါဆိုရင် က လေးရပါပြီ်

ယောင်္ကျားအနားကပ်အောင်

ကိုယ်ဝတ်တဲ့ နားကပ်ကို ရေ စိမ်ပြီး
အဲဒီရေကို ယောင်္ကျားကို တိုက်လိုက်ပါ
အနားမှာကပ်လွန်းလို့ ဈေးသွားလို့တောင်
မရဘူး ဖြစ်နေလိမ့်မယ်။

က လေး၊သားသမီး ဆုံးမရခက် ရင်

ထင်းချောင်းတစ်ချောင်းပေါ်မှာ က လေး ရဲ့
သက်စေ့ ဖ ယောင်းတိုင် စိုက်ပြီး ထွန်းရတယ်
ည နေ စောင်းမှာ လုပ် ရမယ်

နိုင် ငံခြားသွားဖို့ဆိုရင်

ကမ္ဘာမြေပုံတစ်ချပ် ရှာရမယ်။ကိုယ်သွားချင် တဲ့
နိုင် ငံပေါ်မှာ ကိုယ့်ရဲ့ပါတ်စပို့ ဓာတ်ပုံ ကပ် ရမယ်
ကိုယ်လက် ရှိနေတဲ့ နိုင် ငံက နေ ကိုယ်သွားချင် တဲ့ နိုင် ငံကို မြှားလေးတွေ တန်းတန်းလေး
ဆွဲပြီး ဆက်သွယ်ထားရမယ်။ညအိပ် ရာ ဝင် ခါနီး
မှာ ကိုယ်သွားချင် တဲ့ နိုင် ငံပေါ်က ကိုယ့်ရဲ့
ဓာတ်ပုံလေးကို ကြည့်ပြီး လေးလေးနက်နက်
မေတ္တာပို့ပေးရတယ်
သေချာပေါက် သွားရပါတယ်။့

မေတ္တာသက်ဝင် ချစ်ခင် နည်း

လင် ဗန်းတစ်ချပ်ပေါ်မှာ သဲသန့်သန့် ထည့်ရပါမယ်။အဲဒီသဲပေါ်မှာ မေတ္တာသက်ဝင် ချစ်ခင်စေသူရဲ့ နာမည်ကို လက်ညှိုးနဲ့ ရေးရမယ်။
နှင်းဆီပန်းအဖြူရောင် ကိုသဲပေါ်မှာ တင် ရမယ်။အဲဒီနှင်းဆီပန်းပေါ် အုတ်ခဲတုံးလောက်အရွယ် ရှိတဲ့ ရေခဲတုံးတစ်တုံး
တင် လိုက်ပါ။အဲဒီယတြာကို လုပ် ရမယ့် အချိန်က ညသန်းခေါင်ယံ အချိန်ပါ။ဆုတောင်းရမှာက ရေခဲတုန်းက
ရေ တွေဟာ နှင်းဆီပန်းကတစ်ဆင့် သဲပေါ်ကို
စိမ့်ဝင် သွားသလို ငါရဲ့ မေတ္တာဓာတ်တွေဟာ
------ရဲ့ နှလုံးသားထဲကို စိမ့်ဝင် စီးဆင်း
သွားပါစေ လို့ လင် ဗန်းကိုကိုင်ပြီး ဆုတောင်းပါ ယတြာလုပ်ပြီးသွားရင် သဲတွေ
ရေ တွေကိုတော့ စွန့်ပစ်လိုက်ပါ။
နှင်းဆီပန်းကိုတော့ ခေါင်းအုံးစွပ်ထဲ ထည့်ထားလိုက်ပါ

သားသမီး မိဘစကားနားထောင်အောင်

တနင်္ဂနွေ သားသမီး သီဟိုဋ်စေ့ စားပြီးဆုံးမပါ
တနင်္လာ။ ။နွားနို့သောက်ပြီး ဆုံးမပါ
အင်္ဂါ။ ။အုန်းသီးစားပြီး ဆုံးမပါ
ဗုဒ္ဓဟူး။ ။ကိတ်မုန့်စား၊ကြံရည်သောက်ပြီးဆုံးမပါ
ကြာသပ တေး။ ။ဇီးသီးစား၊ဆိတ်သားစားပြီး ဆုံးမပါ
သောကြာ။ ။ရှောက်ယို၊လက်ဖက် စားပြီး ဆုံးမပါ
စ နေ။ ။ပေါင် မုန့်၊မြေပဲ စားပြီး ဆုံးမပါ

Wednesday, June 25, 2014

ဆုတောင်း

ကျန်းမာကြပါစေ
ချမ်းသာကြပါစေ