Translate

Tuesday, August 31, 2021

 

နေ့ကောင်းရက်သာ ရွေးစရာ

                                      ထူးအောင်လှိုင်

သိမ် ကျောင်း ဇရပ် စေတီ ပုထိုး အုတ်ရိုး ရေတွင်း ရေကန်  တံခွန် တံတား လုပ်ငန်းဆောင်တာ ခရီးသွားနှင့် အရေးကြီးကိစ္စများအတွက် မည်သည့် မြန်မာလမဆို

၁ ၆ ၁၁ရက်ဖြစ်လျှင် တနင်္ဂနွေနဲ့ သောကြာနေ့ဖြစ်လျှင် နန္နာတိထီဖြစ်၍ ဆိုခဲ့သည့် ကိစ္စရပ်များအား လုပ်ဆောင်သင့်ပေသည်။

 

အလုပ်လျှောက်ခြင်း မိတ်ဆွေဖွဲ့ခြင်း ကာယသိဒ္ဓိအဆောင်ပြုလုပ်ခြင်း နာမည်ပေးခြင်း အရောင်းအ၀ယ်ပြုလုပ်ခြင်း လုပ်ငန်းသစ်စတင်ခြင်း ကိစ္စရပ်များအတွက် မည်သည့်မြန်မာလမဆို

၂ ၇ ၁၂ရက်ဖြစ်ပြီး တနင်္လာနေ့နဲ့ ဗုဒ္ဓဟူးနေ့ဖြစ်နေလျှင် ဘဒြာတိထိဖြစ်၍ ဆိုခဲ့သည့် ကိစ္စရပ်များအား လုပ်ဆောင်သင့်ပေသည်။

 

မြို့ရွာ နန်းတည် ကျုံး မြောင်း တံတားဆောက် တိုက်ဆောက် သံတမန်စေ တိုင်းတပါးနဲ့စာချုပ်ချုပ်

ယတြာပြုလုပ် ဘုရားထီးတင် ယာယီခရီးသွားကိစ္စများအတွက်  မည်သည့်မြန်မာလမဆို ၃ ၈  ၁၃ရက်ဖြစ်ပြီး အင်္ဂါနေ့ဖြစ်လျှင် ဇေယျာတိထီဖြစ်၍  ဆိုခဲ့သည့်ကိစ္စရပ်များအား လုပ်ဆောင်သင့်ပေသည်။

 

မည်သည့်မြန်မာလမဆို ၄ ၉ ၁၄ရက်ဖြစ်ပြီး စနေနေ့ဖြစ်လျှင် ရိတ္တာတိထီဖြစ်၍  မည်သည့်ကိစ္စရပ်မျှ မလုပ်ဘဲ အလုံးစုံပျက်စီးတတ်၍ ရှောင်ကြည်သင့်ပေသည်။

 

ပညာသင်ခြင်း မန္တာန်ရွတ်ခြင်း မော်ကွန်းတင်ခြင်း ကမ္ဗည်းကျောက်စာထိုးခြင်း လယ်ယာစိုက်ပျိုးခြင်း

ပွဲလမ်းသဘင်ဆင်ယင်ခြင်း ယာဥ်ရထားစီးခြင်းပစ္စည်းတင်သွင်းခြင်း လက်ထပ်ပွဲကျင်းပခြင်း

ရတနာ၀ယ်ခြင်း ကလေးများအတွက် အ၀တ်နှင့် အသုံးအဆောင်ပစ္စည်း စသောကိစ္စရပ်များအတွက်

မည်သည့်မြန်မာလမဆို ၅ ၁၀ ၁၅ရက်ပြီး ကြာသပတေးနေ့ဖြစ်ခဲ့လျှင် ပုဏ္ဏတိထီဖြစ်၍ စသောကိစ္စရပ်များအား လုပ်ဆောင်သင့်ပေသည်။

 

 ထူးအောင်လှိုင်

ရွှေတိဂုံစေတီတော်(တောင်ဘက်မုခ်)

၀၉၄၅၁၆၆၂၉၉၁