Translate

Saturday, July 5, 2014

သားသမီးပျောက် ရှာရန်

စက္ကူဖြူလေးတစ် ရွက်မှာအိမ်ပြန်လာစေချင်
သူရဲ့ နာမည်ကိုရေးပြီးစက္ကူကိုလိပ်ပါ
အဲဒီစက္ကူကို ရေအပြည့်ထည့်ထားတဲ့ ပုလင်း
ထဲကိုထည့် ပုလင်းကို အလုံပိတ်ပါ
အဲဒီပုလင်းနဲ့ ပြန်လာစေချင် သူရဲ့
အင်္ကျီပေါ်မှာ လှိမ့်ရင်းနာမည်ခေါ်ပြီးဆုတောင်းပါ
အိမ်ကထွက်သွားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ်
ပြန်လာစေချင် ရင် လုပ်လို့ရပါတယ်

Friday, July 4, 2014

မြုတ်နေ သောငွေများ ပြန်ပေါ်ရန်

အရင်းအနှီးထည့်ထားသော ငွေများပြန်မ ပေါ်ပဲ
မြုတ်နေပါက .
အသက်ကိုတည်ပြီး(၇)နဲ့စားပါ။
(၁)ကြွင်းသော် တနင်္ဂနွေနေ့ ပြုလုပ်ပါ
(၂)ကြွင်းသော် တနင်္လာနေ့ ပြုလုပ်ပါ
(၃)ကြွင်းသော် အင်္ဂါနေ့ ပြုလုပ်ပါ
(၄)ကြွင်းသော် ဗုဒ္ဓဟူးနေ့ပြုလုပ်ပါ
(၅)ကြွင်းသော် ကြာသပ တေးနေ့ ပြုလုပ်ပါ
(၆)ကြွင်းသော် သောကြာနေ့ ပြုလုပ်ပါ
(၀)ကြွင်းသော် စ နေ နေ့ပြုလုပ်ပါ

ပြုလုပ် ရမည့်ယတြာမှာ မုန့်လုံးရေ ပေါ်
ဘုရားလှူရန်ပင်ဖြစ်သည်။

အထက်ကအတိုင်းပြုလုပ် ရမည့်နေ့ကို
ရွေးချယ်ပါ။
အသက်ကိုတည်ပြီး (၄)နှင့်မြှောက်ပါ။
ရလာသောအ ရေအတွက်ကို မုန့်လုံးရေ ပေါ်
ပြုလုပ်ပါ။(၁၀)လုံးကို အိမ်ဘုရားတွင် လှူပါ
ကျန်သောအ ရေအတွက်ကို အိမ်နီးနားချင်း
တွေကို ဝေ ပေးလိုက်ပါ။
ကိုယ်တိုင် ကလုံးဝ မစားရပါ။
ထိုယတြာကို အထက်ကနည်းအတိုင်း
တွက်ချက်ပြီး ထိုနေ့နံနက်၁၀:၀၀နာရီ တိတိ
တွင် ပြုလုပ်ပါ
လုံးဝမစားပါနဲ့

မင်္ဂလာဆောင် ရန် လ ရွေးနည်း

တန်ခူးလ၊ကဆုန်လ တွေမှာ အိမ်ထောင်ပြုရင်
ကုံလုံပြည့်ဝချမ်းသာမယ်
နယုန်လမှာ အိမ်ထောင်ပြုရင် မိတ်ဆွေအ ပေါင်း အသင်း ဆွေမျိုးတွေရဲ့ချစ်ခင်လေးစားမှု့
ကူညီဖေးမမှု့ တွေခံရမယ်
သီတင်းကျွတ်လမှာ အိမ်ထောင်ပြုရင် ဥစ္စာပစ္စည်း ရွှေ ငွေ စီးပွား ပေါများကြွယ်ဝမယ်
သားကောင်း သမီးကောင်းထွန်းကားမယ်
တန်ဆောင် မုန်းလမှာအိမ်ထောင်ပြုရင်
ဥစ္စာပစ္စည်း အသုံးအ ဆောင်တွေနဲ့
ပြည့်စုံလိမ်မယ်
တပို့တွဲလမှာအိမ်ထောင်ပြုရင် ရတနာသုံးပါး
ကိုင်းရှိုင့်းပြီး ဥစ္စာပစ္စည်းတွေနဲ့ ကုံလုံကြွယ်ဝ
ချမ်းသာလိမ့်မယ်။့

Thursday, July 3, 2014

Tuesday, July 1, 2014

ကံပွင့်ရန်

တနင်္ဂနွေသားသမီးများ သောကြာဒေါင့်တွင်
သစ်သီး၆မျိုးဆွမ်းကပ်၊အင်္ဂါဒေါင့်မှာ ဆွမ်းကပ်
ဇွန်ညွန့်၃ညွန့်လှူ လိုရာဆုတောင်းပါ

တနင်္လာသားသမီးများ စ နေ ဒေါင့်တွင် နာနတ်ယိုဖြင့် ဆွမ်း၇ပွဲ၊ထီးနီ၇လက်လှူ
ဗုဒ္ဓဟူးဒေါင့်မှာ ဘုရားကိုရေသပ္ပာယ် လိုရာဆုတောင်းပါ

အင်္ဂါသားသမီးများ တနင်္ဂနွေဒေါင့်တွင်
အုန်းဆွမ်း၆ပွဲလှူ ကြာသပ တေးဒေါင့်ကိုသွား
မေမြို့ပန်း၅ပွင့်နှင့်ပဲထမင်းဆွမ်း၅ပွဲလှူ
လိုရာဆုတောင်းပါ

ဗုဒ္ဓဟူးသားသမီးများ တနင်္လာဒေါင့်တွင် ကံကော်
၁၅ညွန့်လှူ၊သောကြာဒေါင့်တွင်သစ်သီး၆မျိုး
ဆွမ်းကပ်၊လိုရာဆုတောင်းပါ

ကြာသပတေးသားသမီးများ အင်္ဂါဒေါင့်မှာဆီးယို
နှင့်ဆွမ်း၃ပွဲလှူ၊ဇွန်ပန်း၃ညွန့်လှူ၊စ နေဒေါင့်တွင် ထီးနီ၇လက်၊နာနတ်ယိုဖြင့် ဆွမ်း
၇ပွဲလှူ လိုရာဆုတောင်းပါ

သောကြာသားသမီးများ ဗုဒ္ဓဟူးဒေါင့်မှာ ရေလှူ
ရေသပ္ပာယ်၊တနင်္ဂနွေဒေါင့်မှာအုန်းဆွမ်း၉ပွဲလှူ၊လိုရာဆုတောင်းပါ

စ နေသားသမီးများ ကြာသပ တေးဒေါင့်မှာ
ပဲထမင်းဆွမ်း၅ပွဲလှူ၊တနင်္လာဒေါင့်မှာ ကံကော်၁၅ညွန့်လှူ လိုရာဆုတောင်းပါ။