အိမ်ကလူထွက်သွားရင်
အိမ်ကလူတွေထဲကဘယ်သူပဲထွက်သွား၊ထွက်သွား ဒီနည်းကိုပြုလုပ်လို့ရပါတယ်။
ထွက်သွားတဲ့သူရဲ့အဝတ်အစားတော့ လိုပါတယ်။အဝတ်အစားကိုရေစွတ်ပြီး
အိမ်ရှေ့ကတန်းမှာလုံးထွေးပြီး ပတ်တင်ထားရုံပါပဲ။သက်ရှိထင်ရှားရှိနေရင်
ပြန်လာပါလိမ့်မယ်။
Translate
Saturday, December 7, 2013
Sunday, June 30, 2013
နေ့သားအလိုက် မသွားရမယ့် အရပ်ဒေသများ
နေ့သားအလိုက် မသွားရမယ့် အရပ်
နေ့သား မသွားရမယ့်အရပ်
တနင်္ဂနွေသားသမီး စလေ၊စလင်း၊စေတုတ္တရာ၊ဆင်ပေါင်ဝဲ၊ဇလွန်၊ညောင်ရမ်း၊ညောင်ရွှေ
တနင်္လာသားသမီး ယင်းမာပင်၊ရေဖြူ၊ရွှေတောင်မှော်၊ရွှေဘို၊လိုင်းဘွဲ့၊ဝါးခယ်မ၊ဝိုင်းမော်
အင်္ဂါသားသမီး ပုသိမ်၊မြင်သာ၊ဖောင်တော်သီ၊မိုင်းသောက်၊မြို့သစ်၊မြို့ဟောင်း၊မြစ်သား
ဗုဒ္ဓဟူးသားသမီး သထုံ၊သာယာဝတီ၊သိန္နီ၊သဲတော၊သံတွဲ၊သံတောင်၊ဟင်္သာတ
ကြာသပတေးသားသမီး တံတားဦး၊ဒိုက်ဦး
သောကြာသားသမီး အနီးစခန်း၊အင်းတကော်၊အင်းပေါ်ခုံ၊ဥသျှစ်ကုန်း၊ဥက္ကံ
စနေသားသမီး ကျောက်ဆည်၊ကျောသီမံစံ၊ကြာအင်းဆိပ်၊ခမောက်စု၊ချောင်းဆုံ၊ငန်းဇွန်
မိမိနဲ့မသင့်တ
ဲ့အရပ်ဒေသကို သွားလည်မိရင် အခြေချမိရင် ကံညံ့သွားတတ်ပါတယ်။အသက်အန္တရာယ်ထိခိုက်တဲ့ အနေအထားထိကြုံတတ်ပါတယ်။
ထူးအောင်လိုင်
အဘ..ယတြာများ
(သက်ရောက်ယတြာများ)
အုန်းထမင်းနှင့်ဘဲသားဟင်း ဘုန်းကြီးကျောင်းပို့ပါ။မုန့်လုံးရေပေါ်
ဘုရားလှူပါ။
တံခွန်၊ကုက္ကား၊မလေးပွား
ဂြိုဟ်တိုင်စေ့လှူပါ
ဆီမီးသက်စေ့လှူပါ၊
တနင်္ဂနွေသက်ရောက်
|
ထီးဖြူ(၂)လက်ကြက်ခြေခတ်ပြီး
တန်ခိုးကြီးဘုရားဧ။် တနင်္လာထောင့်တွင်လှူပါ။ထီးဖြူ
သေးသက်စေ့၊ထီးဖြူကြီး(၁)လက်
မွေးနေ့နံနက်တွင် လှူပါ။အမွှေး
နံသာရေဖြင့် ဘုရားကိုသပ္ပာယ်ပါ။
တနင်္လာသက်ရောက်
|
ဆံပင၊်ခြေသည်း၊လက်သည်း
သန့်ရှင်းရေး
လုပ်ပါ။တစ်ပတ်
တစ်ကြိမ်
အဓိဌာန် ပုတီးစိပ်ပါ။
အိမ်သန့်ရှင်းရေး
လုပ်ပါ။လပြည့်
လကွယ်နေ့များ၌
သက်သက်လွတ်စားပါ။
အင်္ဂါသက်ရောက်
|
ဘုရားဖူးခရီးသွားပါ။
ခရီးစရိတ
်ပြတ်နေသူကိုငွေလှူပါ။
မွေးနေ့တိုင်း
အိပ်ယာနေရာ ရွှေ့ပြောင်းအိပ်ပါ။
သိကြားပွဲ
ယတြာလှူပါ။
သောကြာသက်ရောက်
|
အဘဒေါက်တာ
မင်းသိင်္ခ
ယတြာများ
|
အလုပ်တွင်
သန့်ရှင်းရေး လုပ်ပါ။
အိမ်သာဆေးပါ။ရေလှူပါ။
အိမ်ဘုရားတွင်
ရွှေမှုန်ကြဲပြီး လှူပါ။အင်္ဂါသက်ရောက် ယတြာများကိုလည်း ပြုလုပ်နိုင်သည်။
ဗုဒ္ဓဟူးသက်ရောက်
|
ယပ်ဖြူသက်စေ့ လှူပါ။
ဘုရားရင်ပတ်တော် ရွှေချပါ။
ရေသက်စေ့လှူပါ။သပ္ပာယ်ပါ။
အဓိဌာန် ပုတီးစိပ်ပါ။
ငပလီကမ်းခြေ အပန်းဖြေခရီးထွက်ပါ။ကလေးများ
ကို ရုပ်ရှင်ပြပါ။မုန့်ဖိုးပေးပါ။
ရာဟုသက်ရောက်
|
အုန်းသီးဆားသိပ်
ယတြာလုပ်ပါ။
စနေသက်ရောက်
ယတြာများ
ကိုလည်းလုပ်ပါ။
မျောက်ကို
ငှက်ပျောသီးကျွေးပါ။
ကြာသပတေးသက်ရောက်
|
ငါးသက်စေ့ လွှတ်ပါ။
ထီးနီသက်စေ့ လှူပါ။
ငှက်လွှတ်ပါ။
ဆေးဝါး ဓာတ်စာလှူပါ။
သောကြာသားသမီး ညအိပ်ခိုင်းပြီး
ကျွေးမွေးပြုစုပါ။
စနေသက်ရောက်
|
အလုပ်လိုချင်သလား..?
အလုပ်ရစေ
သက်စေ့စေ
ဥုံ တာပုန္န ဂမ္ဘိ မာတာတေ ကတွာဟေတွာ ဗလံ
ဝိဇ္ဇာရိယာပုတ္တံ သုခေနစ။
ဂါထာရေးပြီး ဖယောင်းတိုင်တွင်ပတ်ပါ။ဂါထာကို သက်စေ့ရွတ်ပါ။
ဖယောင်းတိုင်မီးထွန်းပြီး
ဘုရားကိုပူဇော်ပါ။
ထူးအောင်လှိုင်
(၁၂)ရာသီဖွားများ အချစ်ရေး..အိမ်ထောင်ရေး အဆင်မပြေဖြစ်နေလား..?
အချစ်ရေး၊အိမ်ထောင်ရေးကိစ္စများ အဆင်မပြေလျှင်၊အထက်လူကြီးအောက်လက်ငယ်သားနှင့်
အဆင်မပြေလျှင် အောက်ပါယတြာကိုပြုလုပ်နိုင်ပါသည်။
သင်သည်မတ်လ(၂၁)မှဧပြီ(၂၀)ရက်အတွင်း
မွေးဖွားလျှင် မိဿရာသီဖွား ဖြစ်ပါသည်။
မိဿရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေလျှင်
အင်္ဂါနေ့နံနက်(၆)နာရီ(၆)မိနစ်တွင် မိမိအဆင်ပြေချင်သူဧ။် ဓာတ်ပုံ(သို့)နာမည်ရေးထားသော
စာရွက်ကို ဓာတ်ဗူးထဲထည့်ပြီး လုံအောင်ပိတ်ပါ။
ကိုယ်သုံးနေကျ
လက်ကိုင်ပဝါတစ်ထည်နှင့် ဓာတ်ဗူးကိုချည်ပါ။အဲဒီနောက်မှာတော့ ဓာတ်ဗူးကိုလက်နဲ့ ပိုက်ကာ
အရှေ့အရပ်ကို မျက်နှာမူပြီး(၃၇)ကြိမ် ဆုတောင်းပါ။ထိုဓာတ်ဗူးအား စားပွဲတစ်လုံးပေါ် တင်ထားလိုက်ပါ။ယတြာအောင်မြင်သွားမှ
ဓာတ်ဗူးကိုပြန်သိမ်းလိုက်ပါ။
သင်သည်ဧပြီ(၂၁)မှမေ(၂၀)ရက်အတွင်း
မွေးဖွားလျှင် ပြိဿရာသီဖွားဖြစ်ပါသည်။
ပြိဿရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေလျှင်မိမိအဆင်ပြေချင်သူဧ။်
နာမည်ကို ပန်းရောင်စက္ကူပေါ်မှာရေးပြီး အဲဒီစက္ကူပေါ်မှာနေကြာစေ့(၃၇)စေ့တင်ရပါမယ်။ပြီးရင်
လင်ဗန်းနဲ့မှောက်ပြီး အုပ်လိုက်ပါ။လင်ဗန်းပေါ်မှာ ကိုယ်ဝတ်နေကျလက်စွပ်တင်လိုက်ပါ။လက်စွပ်ရဲ့အလယ်မှာအနီရောင်
ဖယောင်းတိုင်ထွန်းရပါမယ်။အဲဒီယတြာကို သောကြာနေ့ညနေ နေဝင်ချိန်မှာပြုလုပ်ပါ။အိမ်က လျှပ်စစ်မီးတွေ
ပိတ်ပြီးလုပ်ရင် ပိုပြီးထိရောက်ပါတယ်။
သင်သည်မေလ(၂၁)မှဇွန်(၂၀)ရက်အတွင်းမွေးဖွားလျှင်
မေထုန်ရာသီဖွားဖြစ်ပါသည်။
မေထုန်ရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေလျှင်
အဆင်မပြေသူဧ။် ဓာတ်ပုံနှင့် မိမိဓာတ်ပုံကို မျက်နှာချင်းဆိုင်ကပ်ပါ။ဓာတ်ပုံမရလျှင်
စာရွက်ပေါ်တွင်နာမည်ရေးပြီးကပ်ပါ။ပြီးရင် ပန်းရောင်လက်ကိုင်ပဝါဖြင့် အုပ်ပါ။ကြွေပန်းကန်ပြားနှင့်
ထပ်ပြီးအုပ်ပါ။ကြွေပန်းကန်ပြားပေါ်မှာဖန်ခွက်တင်ပါ။
ဖန်ခွက်ထဲမှာ
ရေခဲတုံး(၂)တုံးထည့်ပါ။ရေခဲတုံးအရည်ပျော်သည် အထိ ထိုင်ပြီးဆုတောင်းပါ။ပြီးရင် နောက်ထပ်ရေခဲတုံး(၂)တုံးထပ်ထည့်ပါ။ဆုတောင်းပါ။ပြီးလျှင်
ဓာတ်ပုံနှစ်ပုံကို အမြင့်တစ်နေရာမှာ တင်ထားလိုက်ရင် ရပါပြီ။
သင်သည်ဇွန်(၂၁)မှဇူလိုင်(၂၀)ရက်အတွင်းမွေးဖွားလျှင်
ကရကဋ်ရာသီဖွားဖြစ်ပါသည်။
ကရကဋ်ရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေလျှင်
လက်ကိုင်ပဝါအဖြူတစ်ထည်မှာ
အဆင်မပြေသူရဲ့နာမည်ကို
မှင်အနီနဲ့ ရေးရမယ်။ပြီးရင် လက်ကိုင်ပဝါကိုစားပွဲပေါ်ဖြန့်ခင်းထားပါ။ကော်ဖီ
တစ်ခွက်တင်လိုက်ပါ။အဲဒီကော်ဖီခွက်ထဲကို
နားကပ်တစ်စုံထည့်လိုက်ပါ။မြောက်အရပ်ကို မျက်နှာမူရင်း
ကော်ဖီသောက်ပြီး
ဆုတောင်းပါ။ပြီးရင် နားကပ်ကိုလက်ကိုင်ပဝါနဲ့ ချည်ထားလိုက်ပါ။အားလုံးစီရင်ပြီးရင် ဆောင်ထားလိုက်လို့
ရပါပြီ။
သင်သည်ဇူလိုင်(၂၁)မှသြဂုတ်(၂၀)ရက်အတွင်း
မွေးဖွားလျှင် သိဟ်ရာသီဖွားဖြစ်ပါသည်။
သိဟ်ရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေလျှင်
တနင်္ဂနွေနံနက်(၈)နာရီ(၄၀)မိနစ်တွင်
မြောက်အရပ်ကို
မျက်နှာမူပြီး နှင်းဆီအနီတစ်ပွင့်ကို တစစီဖြစ်အောင် ချေမွပြီးဆုတောင်းပါ။အဲဒီပွင့်ဖတ်အကြွေ
တွေကိုလက်ကိုင်ပဝါအဖြူနှင့်ထုပ်ပြီး
သစ်ပင်တစ်ပင်ရဲ့တောင်ဘက်ကို ထွက်နေတဲ့ကိုင်းမှာအပ်ချည်ကြိုး
(၆)ကြိုးနှင့်
ချည်ပြီးဆုတောင်းပါ။
သင်သည်သြဂုတ်(၂၁)မှစက်တင်ဘာ(၂၂)ရက်အတွင်းမွေးဖွားလျှင်
ကန်ရာသီဖွားဖြစ်ပါသည်။
ကန်ရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေလျှင် မြေအိုးတစ်လုံးရှာပါ။မြေအိုးရဲ့ဖင်မှာ
အဆင်ပြေချင်သူရဲ့
နာမည်ကိုမီးသွေးခဲဖြင့်ရေးပါ။ပြီးလျှင် မြေအိုးထဲကိုရေဖလားနှင့်ေ၇(၆)ခွက်လောင်းရင်း
ဆုတောင်းပါ။ပြီးလျှင်ထိုမြေအိုးအား
သနပ်ခါးတုံးဖြင့်ရိုက်ခွဲလိုက်ပါ။မြေအိုးကွဲများကို အုန်းပင်တစ်ပင်ခြေရင်း
တွင်စွန့်ပစ်ရမည်။သနပ်ခါးတုံးအား
အမျိုးသမီးဖြစ်လျှင် သွေးပြီးလိမ်းပါ။အမျိုးသားဆိုက သနပ်ခါးအမှုန့်ကို
ဆောင်ထားပါ။
သင်သည်
စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၂)ရက်အတွင်းမွေးဖွားလျှင် တူရာသီဖွားဖြစ်ပါသည်။
တူရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေလျှင်
သောကြာနေ့နံနက်(၉)နာရီမထိုးမှီ
အချိန်တွင်
စာရွက်အဖြူတစ်ရွက်တွင်မှင်အနီဖြ င့် ချိန်ခွင်ပုံဆွဲပါ။ချိန်ခွင်တစ်ဖက်စီတွင် နာမည်ရေးပါ။ပြီးလျှင်
စာရွက်ကို
လေးခေါက် ခေါက်ပါ။စာရွက်ပေါ်မှာ ကြွေပန်းကန်ပြားတင်ပါ။ကြွေပန်းကန်ပြားထဲမှာ နေကြာစေ့
ထည့်ပြီးအရှေ့အ
ရပ်ကို မျက်နှာမူပြီးစားပါ။နေကြာစေ့ကုန်ရင် ပန်းကန်ပြားထဲကို အပ်တစ်ချောင်းထည့်ပါ။
အပ်ပေါ်မှာမတ်စေ့တင်ပြီး
မတ်စေ့ပေါ်မှာ ဖယောင်းတိုင်အန်ီတင်ထွန်းပြီး ဆုတောင်းပါ။
သင်သည် အောက်တိုဘာ(၂၃)နိုဝင်ဘာ(၂၁)ရက်အတွင်းမွေးဖွားလျှင်
ဗြိစ္ဆာရာသီဖွားဖြစ်ပါသည်။
ဗြိစ္ဆာရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး
အဆင်မပြေလျှင် အင်္ဂါနေ့ည အိပ်ယာဝင်ခါနီးအချိန်တွင်
ကြယ်သီးတစ်လုံးကို
သံချိတ်နှင့် ချိတ်ပါ။ခေါင်းအုံးရဲ့အောက်တွင် အဆင်မပြေသူရဲ့ ဓာတ်ပုံ(သို့)နာမည်ရေးထား
သောစာရွက်ကို
ထည့်ပါ။နံနက်စောစောတွင် သံချိတ်နှင့်ကြယ်သီးကို မြေကြီးထဲမြုတ်ပါ။ဖနောင့်နှင့်(၃၇)ချက်
ပေါက်ပါ။အဲဒီနေရာမှာ
အမွှေးတိုင်(၃)တိုင်ထွန်းပါ။အမွှေးတိုင်က ပြာနည်းနည်းကိုဓာတ်ပုံ(သို့)စာရွက်ကို ဖြူးပေးပါ။ဆုတောင်းပါ။
သင်သည်
နိုဝင်ဘာ(၂၂)ဒီဇင်ဘာ(၂၁)ရက်အတွင်းမွေးဖွားလျှင် ဓနုရာသီဖွားဖြစ်ပါသည်။
ဓနုရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေလျှင် စကောတစ်ချပ်ထဲမှာ ဆန်(၉)ဆုပ်
ထည့်ပါ။စကောအလယ်မှာ
ကြွေပန်းကန်ပြားတစ်ချပ်တင်ပါ။ကြွေပန်းကန်ပြား အလယ်မှာ ဖန်ခွက်တင်ပါ။
ဖန်ခွက်ထဲမှာရေသန့်သန့်ထည့်ပါ။ကွမ်းရွက်ကို
ထုံး(၉)ချက်တို့ပြီး ကွမ်းသီးတစ်ခြမ်းထည့်ပါ။
ထိုကွမ်းယာကို
ဖန်ခွက်ဘေးမှာ ချထားပါ။စကောပတ်ပတ်လည်မှာ ဖယောင်းတိုင်(၉)တိုင်ထွန်းပါ။ဖယောင်းတိုင်
မီးငြိမ်းချိန်တွင်
အဆင်မပြေသူရဲ့ဓာတ်ပုံ(သို့)နာမည်ရေးထားသော စာရွက်ကို ညာဘက်လက်နှင့်ကိုင် ဖန်ခွက်
ထဲကရေကို
ဘယ်ဘက်လက်နှင့် ကိုင်ပြီးသောက်ပါ။ပြီးလျှင် ဓာတ်ပုံ(သို့)နာမည်ရေးထားသော စာရွက်ကို
စကောအောက်မှာဖိထားပြီး
ဆုတောင်းပါ။အဆင်ပြေသွားမှ ဓာတ်ပုံကိုဖယ်ပါ။
သင်သည်
ဒီဇင်ဘာ(၂၂)မှဇန်နန်ဝါရီ(၂၁)ရက်အတွင်းမွေးဖွားလျှင် မကာရရာသီဖွားဖြစ်ပါသည်။
မကာရရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေလျှင်
အဆင်မပြေသူရဲ့ဓာတ်ပုံ(သို့)နာမည်ရေး
ထားသောစာရွက်ကို
မှောက်ပြီးလင်ဗန်းနှင့်အုပ်ပါ။လင်ဗန်းပေါ်မှာ ဖယောင်းတိုင်(၉)တိုင်ထွန်းပါ။ကွာစေ့(၃)ထုပ်
ထပ်ပြီးဖြူးပါ။ဖယောင်းတိုင်မီးငြိမ်းသွားလျှင်
ဓာတ်ပုံ(သို့)နာမည်ရေးထားသော စာရွက်ကို ကြည့်မှန်မှာကပ်ပြီး
မျက်တောင်မခတ်ပဲ
စိုက်ကြည့်ပြီး(၂၇)ကြိမ်ဆုတောင်းပါ။
သင်သည်ဇန်နန်ဝါရီ(၂၂)မှဖေဖော်ဝါရီ(၁၈)ရက်အတွင်း မွေးဖွားလျှင်
ကုမ်ရာသီဖွားဖြစ်ပါသည်။
ကုမ်ရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေလျှင်
ပုလင်းတစ်လုံးထဲမှာ ငွေစက္ကူ(၁၀)တန်
တစ်ရွက်ထည့်ရမည်။မပွင့်သေးတဲ့
အနီရောင်နှင်းဆီဖူး(၁)ဖူးထည့်ပါ။အုန်းညွန့်(၁)ညွန့်ထည့်ပါ။နာမည်ကို
စာရွက်ပေါ်မှာ
မှင်အနီနဲ့ရေးပြီး ထည့်ပါ။ပုလင်းဝကို ချင်းတက်တစ်ခုနဲ့ ပိတ်ပါ။ထိုပုလင်းကို တောင်ဘက်ကို
ထွက်နေတဲ့သစ်ပင်တစ်ပင်ရဲ့
သစ်ကိုင်းမှာ နိုင်လွန်ကြိုးနှင့် ချည်ပြီးချိတ်ပါ။ပြီးလျှင် ဆုတောင်းပါ။
သင်သည်ဖေဖော်ဝါရီ(၁၉)မှမတ်(၂၀)ရက်အတွင်း
မွေးဖွားလျှင် မိန်ရာသီဖွားဖြစ်ပါသည်။
မိန်ရာသီဖွားများသည် အချစ်ရေး၊အိမ်ထောင်ရေး အဆင်မပြေလျှင်
ကြာသပတေးနေ့တွင်
မြေစလောင်းဖုံးတစ်ချပ်
ဝယ်ပြီးတစ်ရက်ရေစိမ်ပါ။သောကြာနေ့နံနက်တွင် ငွေစက္ကူ(၁)ကျပ်တန်(၉)ရွက်ကို
စလောင်းဖုံးနှင့်
အုပ်ပါ။စလောင်းဖုံးမှာ အဆင်မပြေသူ နာမည်ရဲ့ နောက်ဆုံးစာလုံးကို ထုံးနဲ့ရေးပါ။စလောင်းဖုံး
ပေါ်မှာဖယောင်းတိုင်အနီတစ်တိုင်
ထွန်းပြီးဆုတောင်းပါ။ဖယောင်းတိုင်မီးငြိမ်းလျှင် (၁)ကျပ်တန်(၉)ရွက်ကို
အပ်ချည်ကြိုးနှင့်
သီပြီး ပြတင်းပေါက်မှာ ချိတ်ဆွဲထားပါ။အဆင်ပြေသွားမှ ထိုငွေတွေကို ဘုရားလှူလိုက်ပါ။
ထူးအောင်လှိုင်
Subscribe to:
Posts (Atom)